❤ ❤ အလည်လာရောက်ကြသော သူငယ်ချင်းမိတ်ဆွေအပေါင်းကို အထူးပဲ ကျေးဇူးတင်ပါသည်...အပမ်းမကြီးဘူးဆိုရင် Comment လေးပေးပြီး အကြံပြုစာလေးတွေရေးပေးခဲ့ကြပါလို့ လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်..အားလုံးပဲ မင်္ဂလာသုတအဖြာဖြာနဲ့ ပြည့်စုံနိုင်ကြပါစေလို့ ဆန္ဒပြုရင်း.. ❤သုတစုံလင်အွန်လိုင်းရင်ခွင်❤ဘလော့ကနေ လှိုက်လှဲစွာကြိုဆိုပါ၏။❤ ❤ ❤

Thursday, June 27, 2013

တစ်ခါတစ်လေတော့လည်း.....

လူတိုင်း လူတိုင်း အမှားဆိုတာကို ရှောင်လွှဲလို့မရနိုင်ဘူး။ တစ်ခါတစ်လေ မှားတတ်ကြတာ သဘာဝပါပဲ။ အဲဒီသဘာဝကို မြတ်စွာဘုရားတောင် ရှောင်လွှဲလို့မရခဲ့ဘူးမဟုတ်လား။ မြတ်စွာဘုရားဟာ အတုမဲ့ တန်ခိုးရှင်ဖြစ်ခဲ့တယ်။ အတိတ်၊ ပစ္စုပ်၊ အနာဂတ် ဆိုတဲ့ ကာလသုံးမျိုးလုံးကို လိုသလို ဖန်တီးထားမပေးနိုင် ခဲ့ပါဘူး။ ဥပမာ လောကဓံ ရှစ်ပါးကို အကောင်းတွေချည်းဖြစ်အောင်ပေါ့....။ ဟဲ...ဟဲ..လိုသလို ဆွဲတွေးတာတော့ ဟုတ်ဘူးနော်....။


လက်ရှိ ကျွန်တော်ဟာလည်း အမှားပေါင်းများစွာနဲ့ ဖြတ်သန်းနေရတုန်းပဲ...။ ဒွိဟတွေကြား မှာ ဝေခွဲမရနိုင်တဲ့ အတွေးတွေ၊ လုပ်ဆောင်ချက်တွေ၊ ကြံစည်ယူဆချက်တွေနဲ့ အစစအရာရာ မှားယွင်းမှုတွေနဲ့ တိမ်းစောင်းနေရတုန်းပဲ.။ ကိုယ်သိချင်တဲ့၊ တတ်ချင်တဲ့ အကြောင်းအရာ/ ဘာသာရပ်တွေ၊ ပညာတွေကို သူတစ်ပါးတွေဆီက တစ်ဆင့်ပြီး တစ်ဆင့်သင်ယူလေ့လာရင်း ဒီဘလော့ကလေး ကို ရေးဖြစ်ခဲ့သူမို့ အမှားတွေရှိရင် ခွင့်လွှတ်နားလည်ပေးကြပါလို့ .. ကျွန်တော့ရဲ့ သင်ဆရာ၊ မြင်ဆရာ အပေါင်းကို ဒီဘလော့ကလေးကနေ လေးနက်စွာ တောင်းပန်အပ်ပါတယ်...။
မှားတာတွေရှိရင် လည်း စေတနာထက်သန်စွာ ထောက်ပြအကြံပြုပေးကြပါလို့ ရိုသေတမှုနဲ့ ဆရာ့ ဆရာတို့ရဲ့ အကြံဥာဏ်တွေကို တောင်းခံအပ်ပါတယ်..။



0 comments:

Easy Music ရေဒီယိုသီချင်းကလေးတွေနားထောင်ရအောင်..