❤ ❤ အလည်လာရောက်ကြသော သူငယ်ချင်းမိတ်ဆွေအပေါင်းကို အထူးပဲ ကျေးဇူးတင်ပါသည်...အပမ်းမကြီးဘူးဆိုရင် Comment လေးပေးပြီး အကြံပြုစာလေးတွေရေးပေးခဲ့ကြပါလို့ လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်..အားလုံးပဲ မင်္ဂလာသုတအဖြာဖြာနဲ့ ပြည့်စုံနိုင်ကြပါစေလို့ ဆန္ဒပြုရင်း.. ❤သုတစုံလင်အွန်လိုင်းရင်ခွင်❤ဘလော့ကနေ လှိုက်လှဲစွာကြိုဆိုပါ၏။❤ ❤ ❤

Thursday, June 27, 2013

သတိ..လမ်းမပျောက်ပါစေနဲ့

ငါ့ဘဝရဲ့မနက်ခင်းတွေဟာ
မြူတွေဝေနေတဲ့ ဆောင်းမနက်ခင်းတစ်ခုလိုပါပဲ....။

ငါလျှောက်မယ့်လမ်းနဲ့
ငါလျှောက်နေရတဲ့လမ်းကလည်း
မြူတွေနဲ့ယစ်ဆိုင်းနေတယ်..။

အမှန်တကယ်သွားချင်တဲ့နေရာကို
ရောက်မရောက်ဆိုတာ
မသေချာသေးတဲ့ဒွိဟအတွေးတွေနဲ့
ငါကိုယ်တိုင်ဘာမှမသိသေးဘူး...။

နောက်ပြန်လှည့်ဖို့..
ဘယ်လိုမှမဖြစ်နိုင်သလို..
သွားချင်တဲ့နေရာကိုရောက်ဖို့ဆိုတာလည်း
ဘယ်လိုမှမဖြစ်နိုင်သေးဘူး...။

မသေချာမရေရာနိုင်သေးတဲ့
ဘဝမနက်ခင်းတွေ
ငါမသိလိုက်ခင်မှာ
နေဝင်ချိန်မရောက်စေဖို့
ငါကြိုးစားရဦးမယ်.........။

0 comments:

Easy Music ရေဒီယိုသီချင်းကလေးတွေနားထောင်ရအောင်..