❤ ❤ အလည်လာရောက်ကြသော သူငယ်ချင်းမိတ်ဆွေအပေါင်းကို အထူးပဲ ကျေးဇူးတင်ပါသည်...အပမ်းမကြီးဘူးဆိုရင် Comment လေးပေးပြီး အကြံပြုစာလေးတွေရေးပေးခဲ့ကြပါလို့ လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်..အားလုံးပဲ မင်္ဂလာသုတအဖြာဖြာနဲ့ ပြည့်စုံနိုင်ကြပါစေလို့ ဆန္ဒပြုရင်း.. ❤သုတစုံလင်အွန်လိုင်းရင်ခွင်❤ဘလော့ကနေ လှိုက်လှဲစွာကြိုဆိုပါ၏။❤ ❤ ❤

Thursday, June 27, 2013

မပြောင်းလဲခြင်းရဲ့အောက်မှာ...

ဘယ်အရာမဆို
ကြိုးစားရင်ကြိုးစားသလောက်
ထိုက်သင့်တဲ့အခွင့်အရေးတစ်ခု
အမှန်တကယ်ရနိုင်မယ်ဆိုရင်
ဘဝနဲ့လောင်းကြေးထပ်တဲ့ပေးဆပ်မှုမျိုးနဲ့
ကြိုးစားချင်မိတယ်....။

အယူဝါဒစနစ်တွေ
ဖြစ်သင့်တဲ့အမှန်တရားတွေအပေါ်မှာ
ဘယ်တော့မှ-
တရားမျှတခြင်းတွေနဲ့အတူ
ပြန်လှည့်မလာတော့မယ့်လောကကြီးကို
မေးခွန်းလေးတွေမေးခဲ့ချင်တယ်...
အရည်အချင်းစစ်ဆိုတာဘာလဲ...
အမှန်တရားနဲ့တရားမျှတမှုဆိုတာကရောဘာလဲ...

ဘယ်အရာတွေဘယ်လိုပြောင်းပြောင်း
ကြွေချိန်တန်လို့ကြွေကြရပြီဆိုရင်တော့
အရာရာအားလုံးဟာ
ထပ်တူမျှကြရမယ်ထင်ပါတယ်........။
ကံကောင်းခြင်းတွေနဲ့ အမြဲတမ်း ဆုံတွေ့နိုင်ကြပါစေ..........

0 comments:

Easy Music ရေဒီယိုသီချင်းကလေးတွေနားထောင်ရအောင်..